သဘာဝဘေးဒဏ်ခံမီဇိုရမ်အတွက် ချင်းပြည်သူများ ကူမည်

0

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှို သဘာဝဘေးဒဏ် ခံခဲ့ရသော မီဇိုးပြည်သူများ အား ဟားခါးပြန်လည်ထူထောင်ရေးကော်မတီ ( Hakha Rescues Committee) အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းပြည်သူများမှ ကူညီထောက်ပံ့မည်ဟုသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မီဇိုရမ်ပြည်နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုခြင်း၊ အိမ်ပြိုခြင်း နှင့် ရေကြီးရေလျှံမှု များကြောင့် ဒုက္ခရောက်နေကြသည့် မီဇိုးပြည်သူများအား ကူညီရန်အတွက် HRC အဖွဲ့မှ ဦးဆောင်ပြီး ဟားခါးမြို့ပေါ်ရှိ အသင်းတော်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာလူကြီးများ၊ ကုမ္ပဏီပိုင်ရှင်များနှင့် ၀န်ကြီးများထံ အလှူငွေ ကောက်ခံသည့်အပြင် ရံပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲမျာကျင်းပကာ စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း (၄၇၅) ခန့်ရရှိခဲ့ကြသည်ဟု HRC မှ တာဝန်ရှိသူ Rev. Tluang Ceu ကပြောသည်။

“မိုးကြောင့်ပေါ့နော် သူတို့အိမ်တွေပြိုတယ်၊ လူအသေအပျောက်လည်းရှိတယ်တယ် တော်တော်လေးကို သဘာဝဘေး ဒဏ်ခံရတယ်၊ ချင်းလူမျိုးတွေလည်း မီဇိုးရမ်ပြည်နယ်မှာအများကြီးရှိတယ်၊ ကျနော်တို့အိမ်နီးနားချင်းပြည်နယ်လည်းဖြစ် တယ် ဒါကိုကျနော်တို့ကူညီသင့်တယ်ဆိုပြီးမှ ခုလိုလုပ်ဆောင်ရခြင်းဖြစ်တယ်’’ ဟု Rev. Tluang Ceu ကပြောသည်။

HRC အဖွဲ့သည် ရာသီဥတုအခြေအနေကောင်းမွန်ပါက ဇူလိုင်လ ၁၈ ရက်နေ့တွင် ဟားခါးမြို့မှ မီဇိုရမ်ပြည်နယ်သို့ ထွက်ခွါ ကြမည်ဖြစ်ပြီး ၁၁ ဦးလိုက်ပါသွားမည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ချင်းပြည်နယ်တွင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရစဉ်တုန်း ကလည်း မီဇိုရမ်ပြည်နယ်မှ မီဇိုးလူငယ်အသင်း (Central Young Mizo Association) ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်တွင် အလှူငွေများကောက်ခံခြင်း၊ ရံပုံငွေဂီတပွဲတော်များပြုလုပ်ကာ သဘာဝဘေးဒဏ်ခံခဲ့ရသော ချင်းပြည်သူများအား ကျပ်ငွေ သိန်းပေါင်း ၈၀၀ ကျော် ကူညီထောက်ပံ့ခဲ့သည်။

Share.

About Author

Leave A Reply

*

code