AA နှင့် တပ်မတော် နှစ်ဘက်စလုံးမှ ပလက်ဝ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

0

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (Arakan Army) နှင့် တပ်မတော်တို့ နှစ်ဘက်စလုံးမှ ပလက်ဝ ဒေသခံပြည်သူများ အပေါ် ယနေ့ အချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စကို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒဏ်ခံစားနေကြရသော ဒေသခံပြည်သူများ၏ အခြေအနေမှန်ကို သိရှိဖို့ရန် နှင့် တတ်နိုင်သမျှ ပံ့ပိုးကူညီရန် ချင်းလူငယ် (၅) ဦးဖြစ်သော Salai Ceu Bik Thawng, Mai Nancy Dawt Chin Sung, Salai Thang Loon, June Nillian Sang နှင့် Salai Van Bawi Mang တို့ (၁၀) ရက်ကြာ ကျေးရွာပေါင်း ၁၀ ရွာကို သွားရောက် ကွင်းဆင်းလေ့လာ ယခုကဲ့သို့ လေ့လာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲ ရိက္ခာထမ်းခိုင်းခြင်း၊ လမ်းပြအဖြစ်ခိုင်းစေခြင်း၊ ရွာသားများပိုင် ဆိုင်သော ပစ္စည်း ဥစ္စာများလုယူခြင်း၊ ရွာသားများကို ခံကတုတ်သဖွယ် အသုံးပြုခြင်းများ ရှိနေဆဲဖြစ်တယ်။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှင့် တပ်မတော်တို့အကြား (၂) နှစ်ကျော် ပစ်ခတ်တိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှား မှုများ ကြောင့် ဆတ်လိုင်ဝရွာ၊ ဆတ်တလိုင်ဝရွာ၊ ပီတောင်ရွာနှင့် ကင်းတလင်း စသည့် ကျေးရွာများတွင် ကျောင်းမဖွင့်ဘဲ ကျောင်းပိတ် ထားရကြောင်း ထပ်မှန်သိရသည်။ ကျောင်းဆရာ၊ဆရာမများ၏ လုံခြုံရေးစိုးရိမ်မှုကြောင့် လက်ရှိတွင် ကျောင်းပိတ်ထားတယ်။ မိမိတို့ လက်လှမ်းမမှီတဲ့ အလားတူ ကျေးရွာများလည်း ရှိနိုင်သေးတယ်’ ဟုပြောဆိုကြသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ရွာလုံးကျွတ်ဖြင့် စစ်ဘေးရှောင် ထွက်ပြေးသူများ မရှိတော့သော်လည်း ပီတောင်၊ ဆတ်တလိုင်ဝ၊ ကင်းတလင်းနှင့် ပြိုင်စို စသည့်ကျေးရွာအပါအဝင် ကျေးရွာတစ်ချို့မှာ ရာဂဏန်း ထက်မနည်း မိသားစုနှင့် ရွာသား များသည် လက်ရှိအချိန်အထိ ဘေးပတ်ဝန်းကျင် ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေး စိုးရိမ်မှုကြောင့် ပိတ်ထားလျက်ရှိသော စာသင်ကျောင်းများ အမြန်ဆုံးပြန် လည်ဖွင့်လှစ်နိုင် ရန်၊ စစ်ဘေးရှောင် ရွာသားများကို စနစ်တကျ စာရင်းပြုစုပြီး ကြေညာပေးရန် နှင့်သူတို့အတွက် လိုအပ်သော အထောက်အပံ့ လုံလုံလောက်လောက် ရရှိရေးအတွက် နည်းလမ်းရှာပေးရန် နှင့် ချင်းပြည်နယ်အစိုးရအကြီးအကဲ့များအနေဖြင့် ပလက်ဝမြို့နယ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသ သို့ အမြန်ဆုံး ကွင်းဆင်းလေ့လာမှုပြုလုပ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် ဒေသခံပြည်သူများနှင့် အတူ နည်းလမ်းများရှာဖွယ်လျက် ရေရှည်စီမံချက်များ ရေးဆွဲချမှတ်ရန် အကြံပြုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ချင်းလူငယ် (၅) ဦးတို့၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို စာတမ်းဖြင့်ပြုစုလျက် ဝန်ကြီးချုပ်ဦး ဆောင်သော ချင်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိ သော သက်ဆိုင်ရာအဖွဲ့အစည်း (stakeholder) အားလုံးကို ထပ်မံ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Share.

About Author

Leave A Reply

*

code