နေ့စဉ်ထုတ် ချင်းသတင်းစာတစ်စောင် ရပ်နား

0

ဖလမ်းဘာသာစကားဖြင့် ထုတ်ဝေသော Chin Thuthang နေ့စဉ်ထုတ်သတင်းစာသည် ဇွန်လ ၁ ရက်နေ့ ကစတင်ပြီး ရပ်နားသွားပြီဟု သိရသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စတင်ထုတ်ဝေခဲ့သည့် Chin Thuthang သတင်းစာသည် မည်သည့်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂ နှစ်ခွဲနီး ပါးခန့်လည်ပတ်လာခဲ့ပြီး ချင်းလူမျိုးများအကြား အတိုင်းတာတစ်ခုအထိအောင်မြင်မှုရရှိနေ သည့်အချိန်တွင် ရပ်နားသွားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ သတင်းစာရပ်နားရခြင်းသည် ငွေကြေးနှင့် တိုးတက်မြန်ဆန်နေသော လူမှုကွန်ယက် (Social Media) ၏ ရိုက်ခတ်မှုများကြောင့်ဖြစ်သည်ဟု Chin Thuthang သတင်းစာအယ်ဒီတာချူပ် ဆလိုင်း DL seenling ကပြောသည်။

“အဓိကတော့ Facebook ကြောင့်လို့လည်းပြောလို့ရပါတယ်၊ Facebook က အရမ်းကိုမြန်ဆန်နေ တော့ လူထုအများစုကလည်း Facebook ကိုဘဲ ကြည့်ပြီး ဖတ်နေကြတော့ သတင်းစာပိုင်းမှာ စိတ်ဝင်စားမှုလျှော့နည်း လာတယ်၊ နောက်တစ်ခုကတော့ ငွေရေးကြေးရေးပေါ့၊ သတင်းထောက်တွေမခန့်နိုင်တော့ ဒေသတွင်း(Local News) သတင်းတွေ မရေးသားနိုင်ကြဘူး၊ ကျနော်တို့သတင်းစာထဲမှာပါတဲ့ သတင်းအများစုက အင်တာနက် သတင်း ဘာသာပြန်တာပိုများ နေတယ် အင်တာနက်ကလည်း မြန်ဆန်နေတော့ အွန်လိုင်းမှာဖတ်ပြီး သားဆို တဲ့လူေ တွလည်းများလာတယ် အင်တာနက်မှာမတင် သေးတဲ့ ဒေသတွင်း သတင်းတွေ ရှာဖွေရေးသားဖို့ ကလည်း ငွေကြေးမရှိတော့ သတင်းထောက် တွေမခန့်နိုင်ဘူးလေ’’ ဟု ဆလိုင်း DL ကပြောသည်။

ကလေးမြို့ တာဟန်းရပ်ကွက်အခြေစိုက် Chin Thuthang သည် Chin Youth Counseling အဖွဲ့မှ ထုတ်ဝေခြင်းဖြစ်ပြီး ၀န်ထမ်း ၄ ဦးဖြင့် လည်ပတ်နေသည့် နေ့စဉ်သတင်းစာဖြစ်သည်။ သတင်းစာကို A3 စာရွက်ဖြင့် အင်္ဂါနေ့မှ စနေ့နေ့အထိ တစ်ပတ်လျင် ၅ ရက်ထုတ်ဝေပြီး တစ်ရက်တွင် စောင်ရေ ၉၀၀ မှ ၁၀၀၀ အကြားထုတ်ဝေလေ့ရှိသည်။

သတင်းစာများကို ကလေးမြို့၊ တမူးမြို့၊ ဖလမ်းမြိ့နယ်၊ ရိခေါ်ဒါရ်မြို့နှင့် ဟားခါးမြို့နယ်တို့တွင် အဓိကဖြန့်ချိ လေ့ရှိသည်။ Chin Thuthang နေ့စဉ်သတင်းစာကုန်ကျစရိတ်မှာ တရက်လျှင် အနည်းဆုံးကျပ် ၆ သောင်းခန့် ရှိပြီး တစ်လလျင် ကျပ်ငွေ ၁၂ မှ ၁၃ သိန်းအထိ စုစုပေါင်းကုန်ကျလေ့ရှိကာ သတင်းစာ မှပြန်လည်ရရှိ သည့်ငွေကြေးပမာဏမှာ တစ်လ လျင် ၉ သိန်းဝန်းကျင် ခန့်သာရှိ သည်ဟု ဆလိုင်း DL ကပြောသည်။

ထို့ကြောင့် လစဉ်လတိုင်း ကျပ်ငွေ ၃ သိန်းခန့်အမြဲဆုံးရှူံးနေ သည့်အတွက် ဆက်လက်ရပ်တည်နိုင်ရန် အလွန်ခက်ခဲသည်ဟု ပြောသည်။

Chin Thuthang သတင်းစာသည် ချင်းသတင်းဌာန ၁၆ ဖွဲ့ဖြင့် စုဖွဲ့ထားသော ချင်းမီဒီယာကွန်ယက်၏ အဖွဲ့ဝင် သတင်းဌာန တစ်ခုဖြစ်သည်။ ယခုကဲ့သို့ ချင်းနေ့စဉ်သတင်းစာတစ်စောင် ရပ်နားသည့်ကိစ္စနှင့်ပတ်သက်ပြီး ချင်းမီဒီယာကွန်ယက် အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဟုန်းထွန်းဂေက “အခုလိုကျွန်တော် တို့ချင်း မီဒီယာ ကွန်ယက်ရဲ့အဖွဲ့ဝင်တစ်ခုအေ နနဲ့သူတို့အခက်အခဲပေါင်းစုံကြားကနှစ်နဲ့ချီထုတ်လာပြီးတော့ အခုလို ဆက်မထုတ်နိုင်တော့တာစိတ်မကောင်းစရာပါ။ ဒါကစာဖတ်ပရိတ်သတ်တွေအတွက်ပဲနစ်နာတာ မဟုတ်ပဲ ဒီမိုကရေစီရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ကိုယ့်ဒေသ ကထောက် တိုင်တစ်ခုဆုံးရှုံးတာလည်းဖြစ်ပါတယ်။ အခုလိုနည်း ပညာခေတ်မှာ ဒီလိုအခက်အခဲပေါင်းစုံကြား ကစာပေကိုတစ်ဖက် ကထိန်းသိမ်းပြီး ဒေသအတွင်း မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ချင်းမီဒီယာတွေရဲ့ရေရှည်တည်တံ့ဖို့ဆိုတာ အစိုးရဖက်ကလည်း တာဝန်ရှိ ပါတယ်။ အဲဒီအ တွက် အစိုးရ အ နေနဲ့ တိုက်ရိုက်ထောက်ပံ့တာမျိုးမဟုတ်ပဲ တစ်ဖက်တစ်လမ်းက ထောက်ပံ့တဲ့ အနေနဲ့ချင်း ပြည်နယ် အစိုးရနဲ့ဌာနဆိုင်ရာတွေရဲ့တင်ဒါခေါ်တာ၊ အလုပ်ခေါ်တာ၊ လူထုအတွက် အကျိုးရှိတဲ့ ကြေညာချက်တွေလောက်ကို ချင်းမီဒီယာတွေမှာထည့်ပြီးငွေပေးဖို့နှစ်ကြိမ်တိုင်တိုင်လည်း အစိုးရနဲ့ဆွေးနွေးဖူး တယ်။ ဒါပေမယ့် ဒါကိုသူတို့ဖက်က လက်တွေ့အကောင်အထည်မဖော်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော် တို့အစိုး ရ က မီဒီယာကိုအလေး ထားတယ်ဆိုရင် ဒီကိစ္စကိုလည်းအလေးထားဖို့လိုကိုလိုတယ်။ တစ်ဖက်မှာ လည်း ချင်းမီဒီယာ တွေအနေနဲ့လည်း တစ်ဖြည်းဖြည်း နဲ့တော့ ခေတ်နဲ့အညီုဖက်စံမီဒီယာလုပ်ငန်း(Multi – Media) ပိုင်းတွေကို ရှေ့ဆက်လုပ်ဖို့လည်းတစ်ဖြည်းဖြည်းကြိုးစားဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ယခုလက်ရှိ ချင်းပြည်နယ်တွင် နေ့စဉ်ထုတ်သတင်းစာ ၃ စောင်အပါအ၀င် အပတ်စဉ်နှင့် လစဉ်ထုတ်နေသည့် သတင်းစာ ဂျာနယ် စုစုပေါင်း ၁၀ ခုကျော်ရှိသည်ဟုသိရသည်။ တစ်ချို့ချင်းသတင်းဌာနမှာ သတင်းစာ၊ ဂျာနယ်ထုတ်ဝေခြင်းမရှိဘဲ အွန်လိုင်း၊ ဆိုရှယ် မီဒီယာမှ တဆင့် သတင်းထုတ်လွှင့်ကြသည်။

Share.

About Author

Leave A Reply

*

code