မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသော ချင်းစစ်ဘေးရှောင်များ နေရပ်ပြန်

0

ရခိုင်တပ်မတော်(AA) နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် နယ်သို့ ထွက်ပြေးခိုလုံသွားကြသော ချင်းပြည်နယ် ပလက်ဝမြို့နယ် Ralie ကျေးရွာမှ ချင်းပြည်သူ ၃၀၀ ကျော်တို့သည် ၎င်းတို့နေရပ်ဒေသသို့ ပြန်သွားကြပြီဟု မီဇိုရမ်သတင်းစာ တွင်ဖော်ပြထားသည်။

၎င်းတို့သည် မီဇိုရမ်ပြည်နယ် Saiha မြို့နယ် Khaikhy နှင့် Lungpuk ကျေးရွာသို့ မေလ ၁၉ ရက်နေ့က ရောက်ရှိလာကြခြင်းဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်အများဆုံးဖြစ်ပါဝင်ကြသည်။

မီဇီုရမ်အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင်ချင်းပြည်သူများကို အိန္ဒိယ-မြန်မာ နယ်နိမိတ် ဘုတ်တိုင် နံဘတ် (၁၅) နေရာအထိ အာသံစစ်တပ်နှင့် ဒေသတွင်းရဲတပ်ဖွဲ့မှ လိုက်ပို့ကာ Ralie ကျေးရွာလူကြီးများက နယ်စပ်အထိလာရောက်ကြို ဆိုပြီး ယမန်နေ့ကပြန်သွားကြပြီဟု အဆိုပါသတင်းစာတွင်ဖော်ပြထားသည်။

ပလက်ဝမြို့နယ် နယ်စပ်ဒေသဘက်တွင် ရခိုင်တပ်မတော်နှင့် မြန်မာတပ်မတော်ကြား တိုက်ပွဲများ မကြာ ခဏဖြစ်ပွားလေ့ရှိ ပြီး အဆိုပါတိုက်ပွဲများကြောင့် ပြင်စိုကျေးရွာမှ ဒေသခံချင်းပြည်သူ ၃၀၀ ကျော်တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်သည်။

ယခုလက်ရှိအခြေအနေတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ရခိုင်တပ်မတော်ဘက်မှ သွားလာ လှုပ်ရှားမှုများပြုလုပ် နေသည့်အတွက် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြ သည့်အ တွက် ယခု ကဲ့သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သူများကို အာသံစစ်တပ်၊ Mara Autonomous District Council ၊ မီဇိုရမ်ပြည်နယ်အစိုးရတို့မှ လိုအပ်သည့်အကူအညီများ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code