Miss Golden Land Chin State 2017 သရဖူကို မမေသွယ်မိုး ဆွတ်ခူး

0
ချင်းပြည်နယ်အလှယ်မယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) အပြီးသတ် Final ပွဲကို မေလ ၇ ရက်နေ့ကည ၈ နာရီတွင် ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပြီး ခါးနံဘတ် (၈) အလှမယ် မမေသွယ်မိုးက သရဖူဆုကိုဆွတ်ခူး ရရှိခဲ့သည်။

Miss Golden Land Myanmar မှဦးဆောင်ကျင်းပသော အဆိုပါ Final ပွဲတွင် ဆန်ခါတင် အလှယ်မယ် ၁၆ ယောက် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်များမှ ဆန်ခါတင်အဆင့် ဆင့်ရွေးချယ်ပြီး Miss Golden Land Chin State 2017 သရဖူကို ကလေးမြို့သူ အလှမယ် မမေသွယ်မိုးက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

“အရမ်းကြီးမမှန်းထားဘူး ရတော့ရချင်တယ်၊ အခုရတော့လေ မျက်ရည်လည်းကျမိတယ် အရမ်းလည်းပျော်မိတယ်၊ အတိုင်းမသိ ၀မ်းသာမိတယ်၊ နောက်ထပ် ရန်ကုန်မှာသွားပြိုင်မယ့်ပြိုင်ပွဲမှာလည်း ချင်းပြည်နယ် ဂုဏ်ဆောင် Miss တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါရှင့်’’ ဟု မမေသွယ်မိုးကပြောသည်။

1st runner up အဖြစ် ခါးနံဘတ် (၁၄) မခိုင်ဖူးငုံ၊ 2nd runner up အဖြစ် ခါးနံဘတ်(၂) မဟန်နီစိုး၊ 3rd runner up အဖြစ် မဇာဇာနိုင် နှင့် 4th runner up ကို မအိမ်ဆဲလ်လဲတို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ Miss Popular ဆုကို ခါးနံဘတ် (၁) မကျိန်ရှန်းဟုန် နှင့် People Choice ဆုကို ခါးနံဘတ်(၁၂) ရွှန်းရတနာတီးတို့မှ ရရှိခဲ့ကြသည်။

Miss Golden Land Chin State 2017 အဖြစ် ရွေးချယ်ခံရသည့် မမေသွယ်မိုးသည် ယခုနှစ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Golden Land Myanmar ရွေးချယ်ပွဲတွင် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရပါက နိုင်ငံခြားသို့သွား ရောက်ယှဉ်ပြိုင် ခွင့်ရရှိမှာဖြစ်သည်။

ယမန်နေ့ညက ကျင်းပသော Final ပွဲတွင် Miss Golden Land Chin State 2017 အပြင် Face of Chin State 2017 ကို လည်း ရွေးချယ်ခဲ့ကြရာ သရဖူဆုကို ခါးနံဘတ်(၅) မသူသူဟန်မှ ဆွတ်ခူးခဲ့သည်။ မသူသူဟန်သည် ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်ကျင်းပမည့် Face of Beauty Myanmar အလှယ်မယ်ရွေးချယ်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ချင်းပြည်နယ် မင်းတပ်မြို့မှ လာရောက်ယှဉ်ပြိုင်ပြီး ဆန်ခါတင် ၁၀ ယောက်အဆင့်ထိ ရွေးချယ်ခံ ရသော မအေးစန္ဒာအောင်က “ သူတို့နဲ့ထိုက်တန်လို့ သူတို့ရသွားတာပါရှင့်၊ ဒိုင်တွေက လည်းရွေးတာ စည်းစနစ်ကျပါတယ်၊ Top Ten နဲ့ ကျေနပ်ရပေမယ့် အားမငယ်ပါဘူး နောက်ထပ်ပြိုင်ခွင့်တွေရှိရင် ဆက်ပြိုင်ဦးမှာပါ’’ ဟု ပြောသည်။

အမှတ်ပေးရွေးချယ်သည့်နည်းစနစ်နှင့်ပတ်သက်၍ Final ပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ကိုဖြိုးမင်းသုတ (အလှမယ်များအား သီးသန့်သင်ကြားပေးသည့်ပညာရှင် Trainer) က ယခုလိုရှင်းပြသည်။ “ အဓိက ကျနော်တို့ Training Camp တောက်လျှောက်မှာလည်း ဆုံးဖြတ်တယ်၊ Training ၅ ရက်လုပ်တယ် အဲဒီမှာ ကျနော်ကိုယ်တိုင် Trainer ပေါ့နော်၊ Organizer အကုန်လုံးကလည်းစောင့်ကြည့်တယ်၊ ချင်းပြည်နယ်အတွက် အကောင်းဆုံး ဂုဏ်ဆောင်ပေးနိုင်တာဘယ်သူဖြစ်မလဲပေါ့၊ အဓိက Body၊ Beauty၊ Brain ပေါ့ ကျနော်တို့ ရဲ့ဆောင်ပုဒ် ဒီသုံးချက်ကို အဓိကထားရွေးချယ်တယ်၊ စင်ပေါ်တက်ပြီး ဖိနပ်စီးပြီး တော့ လှလှပပ ကျော့ကျော့ရှင်းရှင်းနေရုံနဲ့ ဆုရမှာ မဟုတ်ပါဘူး Training မှာဖြတ်သန်းရတဲ့ Presentation တွေလုပ်ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရ တယ်၊ ဆိုရှယ်မီဒီယာ အသုံးရတယ်၊ Presentation ဆိုလိုရှိရင်လည်း တစ်နာရီစာမေး ပွဲစစ်ရတယ်၊ အဲဒီမှာရသွား တဲ့အမှတ်တွေရှိ မယ်၊ ကိုယ့်ရဲ့ပြည်နယ် ကိုယ်စားပြုဖို့ အတွက် သူတို့ရဲ့ ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဗဟုသုတတွေဘယ်လောက်ရှိလဲ ဘယ်လောက် ထိလေ့လာထားတယ် သူ့အနေနဲ့ဘယ်လောက်ထိ အကောင်းဆုံးကြိုးစားနိုင် တယ်ဆို တာကြည့်ပြီး တော့ ရွေး ချယ်သွားတာ ဒီနေ့စင်ပေါ်မှာဆုံးဖြတ်တာကလည်း ၃၀ ရာခိုင်နှုန်းပေါ့၊ Training မှာ ရွေးချယ်ခဲ့တာ ၇၀ ရာခိုင်နှုန်းအမှတ် တွေရွေးချယ်ခဲ့တယ်’’ ဟု ခိုနူမ်းသုန်ကို ပြောသည်။

Miss Golden Land Chin State 2017 Final ပွဲတွင် Miss Golden Land supranational 2015 – L Bawk Nu နှင့် Miss Golden Land Globe 2016- Myat Eaindray Htet တို့လည်း တက်ရောက်လာပြီး အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ ကြသည်။

ချင်းပြည်နယ်အလှမယ်ရွေးချယ်ပွဲဟုဆိုသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျင်းပပြု လုပ်ရခြင်းသည် ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အနုပညာရှင်များသွားလာရေးခက်ခဲ သည့်အတွက်ကလေးမြို့တွင် ကျင်းပရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများမှ ပြောဆိုသည်။

Share.

About Author

Leave A Reply

*

code