Miss Golden Land Chin State 2017 ဆန်ခါတင်အယောက် ၂၀ ရွေးချယ်

0

ချင်းပြည်နယ် ကိုယ်စားပြုအလှမယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) ၏ စကာတင်အယောက် ၂၀ ရွေးချယ်ခြင်းနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ကလေးမြို့ နဂါးရွှေစင်ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

Miss Golden Land Myanmar အဖွဲ့မှ ဦးဆောင်စီစဉ်သော ၂၀၁၇ ခုနှစ် ချင်းပြည်နယ် ကိုယ်စားပြုမည့် အလှမယ် ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) တွင် ချင်းပြည်နယ်နှင့် ကလေးမြို့၊ တမူးမြို့နယ်တို့မှ အလှမယ် အယောက် ၃၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ပြီး အယောက် ၂၀ ကို စီစစ်ရွေးချယ်ကာ သတင်းမီဒီယာများနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

Miss Golden Land Chin State 2017 ၏ စီးတီးဒါရိုက်တာကိုကျော်ကျော်က “ ကျနော်တို့ရဲ့ ချင်းပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ယောက်ကို အကောင်းမွန်ဆုံးနဲ့ အလှဆုံးပေါ်ထွက်လာဖို့ ကျနော်တို့စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ပြောသည်။

ယနေ့စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ဆန်ခါတင်အယောက် ၂၀ အနက် ၁၆ ယောက်သာ ပါဝင်နိုင်ပြီး ကျန် ၄ ယောက်မှာ လမ်းခရီးခက်ခဲမှုကြောင့် ပါဝင်နိုင်ခြင်းမရှိပေ။

ချင်းပြည်နယ် မင်းတပ်မြို့မှ လာရောက်ယဉ်ပြိုင်သည့် မအေးစန္ဒာအောင်(နူသဲ) က “ ငယ်ငယ်ကတည်းကနေ ၀ါသနာပါတာရှင့် Model တစ်ယောက်ဖြစ်ချင်ခဲ့တာ winner တော့မမှန်းရဲပါဘူး၊ Top 20 မှာပါတာတင်ကို တော်တော်ကျေ နပ်ပါတယ်” ဟု ပြောသည်။

Final ပွဲကို မေလ ၇ ရက်နေ့တွင် ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ပထမ ရရှိသူက ချင်းပြည်နယ်ကိုယ်စားပြုအနေဖြင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကာ ထပ်မံရွေးချယ်ခံရပါက နိုင်ငံခြားသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Miss Golden Land Chin State 2017 ၏ ဆန်ခါတင်အယောက် ၂၀ မှာ

ခါးနံဘတ်(၁) ကျိန်ရှန်းဟုန်
ခါးနံဘတ်(၂) ဟန်နီစိုး
ခါးနံဘတ် (၃) လျန်ဒွန့်ကျိန်
ခါးနံဘတ် (၄) အေးစန္ဒအောင်
ခါးနံဘတ် (၅) သူသူဟန်
ခါးနံဘတ် (၆) ဟန္န၀ှန်ရှင်းဟုန်
ခါးနံဘတ် (၇) ညဉ်းစန်းကျိန်
ခါးနံဘတ် (၈) မေသွယ်မိုး
ခါးနံဘတ် (၉) အိမ်ဆဲလ်လဲ
ခါးနံဘတ် (၁၀) သက်ထားဦး
ခါးနံဘတ် (၁၁) မြတ်နိုးဝေ
ခါးနံဘတ် (၁၂) ရွှန်းရတနာတီး
ခါးနံဘတ် (၁၃) ဇာဇာနိုင်
ခါးနံဘတ် (၁၄) ခိုင်ဖူးငုံ
ခါးနံဘတ် (၁၅) ထျန်းခိုင်နွမ်း
ခါးနံဘတ် (၁၆) မေမီထွန်း

Share.

About Author

Leave A Reply

*

code