ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပထမဆုံးအကြိမ် ကလေးစာပေပွဲတော် ကျင်းပ

0

ချင်းပြည်နယ် ဟားခါးမြို့တွင် ပထမဆုံးအကြိမ် ကလေးစာပေပွဲတော်ကို ဟားခါးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကောင်း ဗိုလ်ကြွန်ဘိခ်ခန်းမတွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။

အဓိကအားဖြင့် ကလေးများ ဥာဏ်ရည်ဥာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ တီထွင် ဖန်တီးလိုစိတ်များ ရှင်သန်လာစေရန်နှင့် ကလေးများ ပျော်ရွှင်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကလေးစာပေပွဲတော် အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း Hakha Iprd facebook စာမျက်နှာတွင် ဖော်ပြသည်။

ယင်းအခမ်းအနားကို ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဂိမ်းကစားပွဲများနှင့် စာအုပ်ပြပွဲ၊ ကလေးစာဖတ်ခန်းများဖြင့် ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

Share.

About Author

Leave A Reply

*

code