ဟားခါးမြို့ မီးသတ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့များမှ ရေရှားပါးမှုဒဏ်ခံနေရသည့် ပြည်သူများထံ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

0

ယခုရက်ပိုင်းအတွင်း ရေရှားပါးမှုဒဏ်ကြောင့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသည့် ဟားခါး-ဖလမ်း ကားလမ်းမပေါ်ရှိနေ ထိုင်သော ဟားခါးမြို့ အမှတ် (၁) မြို့သစ်ရပ်ကွက်နေပြည်သူများထံ ချင်းပြည်နယ် ဟားခါးမြို့ မြို့နယ် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစာရုံမန်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ (၃၂၀၀) ကို ယခုလ မတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ချင်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များမှလည်း ရေရှားပါးမှုကြောင့် အခက်အခဲ ဖြစ်နေသည့် အိမ်ထောင်မိသားစုများထံ သောက်သုံးရေများ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြကြောင်း အင်တာနက် website တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ သောက်သုံးရေလှူဒါန်းမှုကို ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်၊ ပြည်နယ် အကူတပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီး မြင့်နိုင်၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်းတိုမှ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်အင်အား (၇၀) ဦးတို့မှ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

ဖြန့်ဝေလှူဒါန်းခဲ့သော အရေအတွက်မှာ ရေဂါလံ (၁၈၀၀) ဆန့် ရေသယ်ဘောက်ဆာယာဉ်တစ်စီးနှင့် ရေသယ်ယာဉ် (၄) စီး တို့ဖြင့် ရပ်ကွက်နေပြည်သူများအား သောက်ရေသန့်ဘူး (၅၀) နှင့် သုံးရေ (၅) ဂါလံပုံး (၁၅၀) တို့ကို အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ယခုကဲ့သို့ ရေရှားပါးနေသည့်အချိန်တွင် ယခုလို လာရောက်ပြီး အိမ်တိုင်ရာရောက် ကူညီပေးခဲ့ကြသော ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့တို့အပေါ် ရပ်ကွက်နေပြည်သူများက အထူးကျေးဇူးတင်ရှိကြကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code