မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးထံ ရူပီး ၃၁ သိန်းကျော်တန်ဖိုးရှိ ရွှေပြားများ ဖမ်းဆီးမိ

0

အိန္ဒိယပြည်မဘက်သို့ တင်ပို့မည့် ရူပီးငွေ ၃၁ သိန်းကျော် တန်ဖိုးရှိ ရွှေပြား (၆၄) ပြားကို မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖမ်းဆီးမိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်မှ အိန္ဒိယပြည် Guwahati မြို့သို့ ပြေးဆွဲသော Network မှန်လုံကားတစ်စီးကို မြို့ပြင် Phunchawng ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ ကီလို 10.638 ဂရမ် အလေးချိန်ရှိ ရွှေပြား (၆၄) ပြားကို Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ 

အဆိုပါ ရွှေပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသော ကလေးမြို့နယ် တာဟန်း (B) ရပ်ကွက်နေ Ginlammang (48) ကို ဖမ်းဆီး လိုက်ကာ အမှုဖွင့်ဆိုခဲ့ပြီး ချုပ်နှောင်ထားကြောင်း သိရသည်။  

အလားတူ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အိန္ဒိယပြည်မဘက်သို့ တင်ပို့မည့် ရူပီးငွေ သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရွေပြား (၁၅၀) ပြားကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးခဲ့သည်။

Share.

About Author

Leave A Reply

*

code