အိန္ဒိယ-မြန်မာနယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၈ ဦးနှင့် လက်နက်များဖမ်းမိ

0

အိန္ဒိယ-မြန်မာနယ်စပ် ကုလားတန်မြစ်နဘေးတွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသော လူ ၈ ဦးနှင့် လက်နက်များကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ယခုလ ၈ ရက်နေ့က ဖမ်းဆီးရမိသည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့သည် ယခုရက်ပိုင်းအတွင်း ပူးတွဲစစ်စင်ရေးပြုလုပ်ရာတွင် ဆိုင်ဟားခရိုင် Lomasu ကျေးရွာမှ ၅ ကီလိုမီတာအကွာ ကုလားတန်မြစ်ဘေးတွင် စခန်း ချနေထိုင်ကြသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ၈ ဦးကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဒေသတ၀ိုက်သည် ရခိုင်လွတ်မြောက်ရေးတပ်မတော် Arakan Liberation Army(ALA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်ပြီး ယခုအဖမ်းခံရသော လူ ၈ ဦးသည်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှဖြစ် သည်ကို တိတိကျကျမသိရသေးပေ။

သို့သော်လည်း မီဇိုရမ်ရဲတပ်ဖွဲ့ကတော့ ALA တပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ယူဆထားကြပြီး ၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုထောင် သို့ပို့ဆောင် မည်ဟု မီဇိုရမ်သတင်းစာ တွင်ရေးသားချက်အရသိရသည်။

အဖမ်းခံရသည့်ပုဂ္ဂိုလ်များမှာ ခိုင်မင်းဇော်ထွန်း၊ ခိုင်မျိုးနိုင်၊ ခိုင်ရန်၊ ခိုင်မျိုးထူး၊ ခိုင်မင်း၊ ခိုင်ရဲမင်း၊ ခိုင်မျိုးလွင် နှင့် ခိုင်သီဟဇော်တို့ဖြစ် သည်။ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် လက်နက်များမှာ Lathode Grenade Launcher-1no., 7.62mm Assault Riffle-1no., 5.56mm M16 Riffle-1no., M11 Assault Riffle-1no., G-3 Riffle-1no.,  Lathod Grenade-10 nos., 5.56mm M16 Ammunition-237rds, 7.62mm AK56 Ammunition-176rds, Hand Grenade (Chinese)-2nos, Binocular (Bushnell)-1no., Hand Held Radio Set-2nos., M16 Riffle Magazine-5nos.,  AK56 Magazine-2nos., G-3 Riffle Ammunition-92 rds, G-3 Riffle Magazine-3rds ,M-11 Magazine-2nos တို့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်မတော် AA သည် ယခုလက်ရှိ မြန်မာ့တပ်မတော် တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ် သည်။

Share.

About Author

Leave A Reply

*