ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးဆွေးနွေး

0

ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးနှင့် နှစ်ပြည်နယ်အကြား ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက် ကရာတေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ် ခုကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Vanlallawma Indoor Stadium တွင် All Mizoram Karate Association (AMKA) နှင့် Chin State Karate Association တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကရာတေးအားကစားအားဖြင့် မီဇိုရမ် နှင့် ချင်းပြည်နယ် အကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နိုင်ရန်၊ ချင်း(ဇိုး)မျိုးနွယ်စုထဲမှ လာမယ့် ၂၀၂၀ အိုလံပစ်တွင် ပါဝင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ကရာတေး သင်တန်းများ တက်ရောက်နိုင်ရန် စသည့် အချက်များ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ထို့အပြင် နှစ်ပြည်နယ် ကရာတေးပြိုင်ပွဲကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ကိစ္စကို အကောင်အထည် ဖော်ရန် လာမည့် နှစ်ဆန်းပိုင်းတွင်ကလေးမြို့ တာဟန်းတွင် ပြုလုပ်မည်ဟုသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ကရာတေးအဖွဲ့အစည်းမှ Rev.Don Hre Dun, Asahi Chin State Patron နှင့် အတူ ဦးဆောင်သူ ၄ ဦး ပါဝင်ပြီး မီဇိုရမ်ပြည်နယ် ကရာတေးအဖွဲ့အစည်း (AMKA) မှ R.Zomawia (president), C.Dosavunga (senior vice president), Lalnunhluna (financial secretary) နှင့် Lalramthara (executive committee member) တို့ ပါဝင် ကြသည်။

Share.

About Author

Leave A Reply

*