ချင်းပြည်နယ် တွင်းတစ်နေရာ တွင် ရွှေဟုယူဆရ သည့် ကျောက်တစ်မျိုးတွေ့ရှိ

0

CL ထန်းငါ – ချင်းပြည်နယ် ဖလမ်းမြို့နယ် Thipcang ကျေးရွာ တွင်းတစ်နေရာတွင် ရွှေဟုယူဆရသည့် အရောင်လစ် လက်နေသော ကျောက် တစ်မျိုး တွေ့ရှိမှုသည် ယခုရက်ပိုင်းအတွင်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုဖြစ်နေသည်။

ဇောင်သဲကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည် တော်အခြေစိုက် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ကျွမ်းကျင်သူ ၃ ဦးတို့သည် အဆိုပါဒေသကို သွားရောက်ကြည့် ရှူစစ်ဆေးခဲ့ကြသည်။

အဆိုပါကျောက်များသည် မည့်သည့်ကျောက်အမျိုးအစားဖြစ်သည်ကိုမူ အတိအကျမသိရသေးသော်လည်း ကျွမ်းကျင် သူများ၏ ပြောဆိုချက်များအရ အဖိုးတန်ကျောက်တစ်မျိုးဖြစ်နိုင်သည်ဟု ဘူမိဗေဒအဖွဲ့နှင့် လိုက်ပါ သူ Thipcang ကျေးရွာနေ ဦးဗန်ကျဲအိုထန်ကပြောသည်။

“ကျနော်ကတော့ နားမလည်ဘူး၊ သူတို့ဂရုတစိုက်နဲ့ ကြည့်ရှူလေ့လာပုံအရဆိုရင် ကျောက်တစ်မျိုးမျိုးတော့ ဖြစ်နိုင်တယ်၊ သူတို့ပြောပုံ အရဆိုရင် နမူနာကိုယူသွားပြီး ဟိုမှာ ပြန်စစ်ဆေးပြီးမှဘဲ အဖြေသိနိုင်မယ်လို့ပြောပါတယ်’’ ဟု ၎င်းကပြောသည်။

Thipcang Youth Group ၏ Facebook စာမျက်နှာတွင်ဖော်ပြချက်အရ အဆိုပါတွေ့ရှိသည့် ကျောက်များသည် ပုံမှန်ကျောက်ထက် တမျိုးထူးခြားကြောင်း၊ မှန်ဘီလူးများဖြင့် ကြည့်ရှူ သူများကလည်း ရွှေဖြစ်နိုင်ကြောင်းပြောဆိုကြသည်ဟု လိုက်ပါသူတစ်ဦးဖြစ်သည့် ဧ၀ံဂေလိဆရာ Rev. Lal Thawm Lian ကပြောသည်။

အဆိုပါဒေသတ၀ိုက်တွင် ယခုကဲ့သို့ ပုံမှန်ထက်ထူးခြားသော ကျောက်များထွက်ရှိသည်ဆိုသတင်းသည် ယခုမှထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှေးယခင်ကတည်းကလည်း ပြောဆိုမှုများရှိခဲ့သည်ဟုသိရသည်။

“ကျနော်တို့ရွာက ရေတွင်းနေရာတ၀ိုက်ပြုပြင်တဲ့အချိန်တုန်းကလည်း ထူးခြားတဲ့ကျောက်တွေကိုတွေ့ရတယ်၊ လက်သီးလောက်ရှိမှာ၊ အရောင်ကလည်း လက်နေတာ၊ အဲဒီကျောက်ကို အမဲလိုက်တဲ့ အဖိုးကြီးတစ်ယောက်က ကျပ် ၁၀၀၀ နဲ့ ၀ယ်ဖူးတယ်’’ ဟု သူကပြော သည်။

Share.

About Author

Leave A Reply

*